ပြတ်သားတတ်သူတဲ့လား
အရှုံးပေးထားတာတောင်မှ
မျက်ရည်ကျပြရဦးမတဲ့
ငါ့ရင်ထဲက နှလုံးသားတစ်စုံ
နာကျင်ခြင်းတွေနဲ့ တုန်ရီနေခဲ့တယ်..
ခင်မင်မှုသက်တမ်းမှာ
မျက်ကန်းတစ်ယောက်လို
ဘာမဆို မင်းစိတ်တိုင်းကျ
ဖြစ်စေခဲ့တာတောင်မှ
ဘာကိုမှ အလိုမကျခဲ့ဘူးတဲ့လား
အာရုံနောက်တယ်ဆိုတဲ့စကား
ဓားထက်ထက်တစ်စင်းလို
ငါ့ရင်ကို ဟက်တက်ခွဲစေခဲ့တယ်..
သံယောဇဉ်တွေ ရင်မှာ အထပ်ထပ်
ရစ်ပတ်လို့နှောင်ဖွဲ့ မာနမဲ့စွာ
ငါ.. မင်းခြေရင်းမှာ ၀ပ်စင်းခဲ့တယ်..
စစ်တလင်းမဟုတ်လို့
စိန်ခေါ်တဲ့စကား ငါမပြောခဲ့မိဘူး
ရိုးသားစွာငြိတွယ်မိခဲ့တာ
အတိုင်းအတာထက်ပိုခဲ့တယ်..
မာယာဆိုတဲ့စကား
ငါ့ဆီက မင်းကြားဖူးရဲ့လား
အစွမ်းကုန်ချစ်ပြခဲ့တာတောင်
လုံလောက်တယ်မထင်မိဘူးတဲ့လား။
လမ်းခွဲမယ်ဆိုတဲ့စကား
နားထဲမှာ သံရည်ပူလောင်းသလို
အာရုံတွေမှာ ဆူဝေနေခဲ့တယ်.
ရွေးချယ်စရာ မရှိပါဘူး
မင်းထားရာ နေခဲ့မဲ့သူပါ..
မင်းချန်ခဲ့ရင်လည်း
ထားခဲ့တဲ့အရပ်မှာ
မတ်မတ်ရပ်ပြီး
ငါကျန်ခဲ့မှာပါ..
မင်းကတော့
ပြတ်သားတတ်သူတဲ့လား….
Wednesday, May 12, 2010
Tuesday, May 11, 2010
သန်းကောင်ထက်နက်တဲ့ည
မင်းလိုတဲ့အခါ
ဘယ်အရာမဆို
ငါအဆင်သင့်ဖြစ်ခဲ့ဖူးတယ်.....
မင်းငိုတဲ့အခါ
စိတ်ဒဏ်ရာတွေ ဖြေလျှော့ဖို့
ပုခုံးလေးအဆင်သင့်
ရော့အင့်လို့ ထိုးပေးခဲ့ဖူးတယ်......
ချစ်သူနဲ့ ရန်ဖြစ်လို့
မင်းစိတ်ညစ်တဲ့အခါ
စိတ်ပြေလက်ပျောက်ဖြစ်ဖို့
မင်းရစ်သမျှ သီးခံရင်း
ငါ့နှလုံးသားတစ်စုံခင်းလို့
မင်းချနင်းစေခဲ့ဖူးတယ်...
မင်းစိတ်ရူးပေါက်တိုင်း
စိတ်ကူးယဉ်ဇာတ်လမ်းတွေ
တစ်ပုဒ်ပြီးတစ်ပုဒ်
မင်းလုပ်ကြံပြီးပြောတဲ့အခါ
မငြီးမငြူ နားတွေမပူစတမ်း
ထိုင်နားထောင်ပေးခဲ့ဖူးတယ်...
မင်းချစ်သူနဲ့ အဆင်ပြေသွားလို့
ငါ့ကိုမေ့လျှော့သွားတဲ့အချိန်မှာ
တိတ်တိတ်ကလေးနဲ့
ဆိတ်ငြိမ်စွာနေထိုင်ရင်း
ငါမုန်းတဲ့ နာရီသံတွေကို
ရေတွက်နေခဲ့ဖူးတယ်...
ငါ့ဘက်ကို တစ်ချက်မှ လှည့်မကြည့်သူရယ်လို့
တစ်ကြိမ်မှ မတွေးမိခဲ့သလို
ဖြည့်ဆည်းပေးနေရတဲ့
ဒီဝဋ်ဒုက္ခချိုချိုကိုမှ တပ်မက်နေမိတဲ့ငါ
ဝေဒနာတွေ မိုးမလင်းနိုင်အောင်
သန်းခေါင်ထက် ညဉ့်နက်ခဲ့တာ
ကြာပြီပဲလေ..
ဘယ်အရာမဆို
ငါအဆင်သင့်ဖြစ်ခဲ့ဖူးတယ်.....
မင်းငိုတဲ့အခါ
စိတ်ဒဏ်ရာတွေ ဖြေလျှော့ဖို့
ပုခုံးလေးအဆင်သင့်
ရော့အင့်လို့ ထိုးပေးခဲ့ဖူးတယ်......
ချစ်သူနဲ့ ရန်ဖြစ်လို့
မင်းစိတ်ညစ်တဲ့အခါ
စိတ်ပြေလက်ပျောက်ဖြစ်ဖို့
မင်းရစ်သမျှ သီးခံရင်း
ငါ့နှလုံးသားတစ်စုံခင်းလို့
မင်းချနင်းစေခဲ့ဖူးတယ်...
မင်းစိတ်ရူးပေါက်တိုင်း
စိတ်ကူးယဉ်ဇာတ်လမ်းတွေ
တစ်ပုဒ်ပြီးတစ်ပုဒ်
မင်းလုပ်ကြံပြီးပြောတဲ့အခါ
မငြီးမငြူ နားတွေမပူစတမ်း
ထိုင်နားထောင်ပေးခဲ့ဖူးတယ်...
မင်းချစ်သူနဲ့ အဆင်ပြေသွားလို့
ငါ့ကိုမေ့လျှော့သွားတဲ့အချိန်မှာ
တိတ်တိတ်ကလေးနဲ့
ဆိတ်ငြိမ်စွာနေထိုင်ရင်း
ငါမုန်းတဲ့ နာရီသံတွေကို
ရေတွက်နေခဲ့ဖူးတယ်...
ငါ့ဘက်ကို တစ်ချက်မှ လှည့်မကြည့်သူရယ်လို့
တစ်ကြိမ်မှ မတွေးမိခဲ့သလို
ဖြည့်ဆည်းပေးနေရတဲ့
ဒီဝဋ်ဒုက္ခချိုချိုကိုမှ တပ်မက်နေမိတဲ့ငါ
ဝေဒနာတွေ မိုးမလင်းနိုင်အောင်
သန်းခေါင်ထက် ညဉ့်နက်ခဲ့တာ
ကြာပြီပဲလေ..
Wednesday, May 5, 2010
အလင်းတစ်စ
မာယာများတဲ့
ဒီလောကကြီးထဲမှာ
အပြီးသတ်ဆုံးဖြတ်ချက်တွေမချနိုင်ခဲ့ဘဲ
မပြတ်မသားနဲ့
ဘ၀ကို အလျားလိုက်
ငါ ကူးခတ်နေခဲ့တယ်..
ကျရှုံးမှုတွေ အတုံးအရုံးနဲ့ပေါ့..
မလှတဲ့နေ့ရက်တွေကြောင့်
အိပ်ရေးပျက်ရတာ
ငါမောလှပြီ..
ချုပ်ညဆည်းဆာရဲ့
မတောက်ပတဲ့ အလင်းအောက်မှာ
စမ်းတ၀ါးဝါး လမ်းလျှောက်ရင်း
ငါလမ်းပျောက်သွားတဲ့အခါ
ကြယ်စင်တစ်ပွင့်ရဲ့ အလင်းတစ်စသော်မျှ
ငါမရရှိခဲ့ဖူးဘူး..
မျှော်လင့်ခြင်းကင်းတဲ့လမ်းမပေါ်မှာ
ဒဏ်ရာဝတ်စုံတွေဝတ်ဆင်ပြီး
ငြီးတွားလေးလံစွာနဲ့
ဘ၀ဆိုတဲ့အရာကို
ခါးသီးနာကျင်တတ်ခဲ့တယ်..
တပ်မက်စွာ
မက်နေတဲ့အိပ်မက်ဟာ
အဆုံးသတ်မှာတော့
လှပစွာပြီးဆုံးမယ်လို့
ငါမမျှော်လင့်တတ်ခဲ့တာ အမှန်ပါ..
ပြန့်ကျဲနေတဲ့ ဝေဒနာတွေနဲ့
ငါ့ရင်မှာမီးလိုပူတဲ့အခါ
ငြိမ်းသတ်နိုင်မဲ့ ဖြေဆေးတစ်ခွက်တော့
မရနိုင်မှန်းသိရက်နဲ့
ဘာဘဲဖြစ်ဖြစ် ငါလိုချင်ခဲ့မိတယ်..
ငါ့ရဲ့ မှောင်မိုက်နေတဲ့ ညကလေးရေ..
ပျော်သလိုသာနေခဲ့ပါကွယ်
ကျေနပ်ခြင်းဆိုတဲ့ အလင်းတစ်စ
ဒီလမ်းမကြီးထက်မှာ
မင်းအတွက် ငါချန်ထားရစ်ခဲ့တယ်..
တစ်စွန်းတစ်စလေးဖြစ်ဖြစ်
မင်းအတွက် လင်းလက်ခွင့်ရလိုက်ရင်ဘဲ
တစ်သက်စာ
ငါကျေနပ်နေမဲ့သူပါ..
ငါအတွက်တော့
အဝေးက အိပ်မက်တွေ မခြောက်ခမ်းခင်
နေမ၀င်မီ ငါအိမ်ပြန်မှ ဖြစ်မယ်…
ဒီလောကကြီးထဲမှာ
အပြီးသတ်ဆုံးဖြတ်ချက်တွေမချနိုင်ခဲ့ဘဲ
မပြတ်မသားနဲ့
ဘ၀ကို အလျားလိုက်
ငါ ကူးခတ်နေခဲ့တယ်..
ကျရှုံးမှုတွေ အတုံးအရုံးနဲ့ပေါ့..
မလှတဲ့နေ့ရက်တွေကြောင့်
အိပ်ရေးပျက်ရတာ
ငါမောလှပြီ..
ချုပ်ညဆည်းဆာရဲ့
မတောက်ပတဲ့ အလင်းအောက်မှာ
စမ်းတ၀ါးဝါး လမ်းလျှောက်ရင်း
ငါလမ်းပျောက်သွားတဲ့အခါ
ကြယ်စင်တစ်ပွင့်ရဲ့ အလင်းတစ်စသော်မျှ
ငါမရရှိခဲ့ဖူးဘူး..
မျှော်လင့်ခြင်းကင်းတဲ့လမ်းမပေါ်မှာ
ဒဏ်ရာဝတ်စုံတွေဝတ်ဆင်ပြီး
ငြီးတွားလေးလံစွာနဲ့
ဘ၀ဆိုတဲ့အရာကို
ခါးသီးနာကျင်တတ်ခဲ့တယ်..
တပ်မက်စွာ
မက်နေတဲ့အိပ်မက်ဟာ
အဆုံးသတ်မှာတော့
လှပစွာပြီးဆုံးမယ်လို့
ငါမမျှော်လင့်တတ်ခဲ့တာ အမှန်ပါ..
ပြန့်ကျဲနေတဲ့ ဝေဒနာတွေနဲ့
ငါ့ရင်မှာမီးလိုပူတဲ့အခါ
ငြိမ်းသတ်နိုင်မဲ့ ဖြေဆေးတစ်ခွက်တော့
မရနိုင်မှန်းသိရက်နဲ့
ဘာဘဲဖြစ်ဖြစ် ငါလိုချင်ခဲ့မိတယ်..
ငါ့ရဲ့ မှောင်မိုက်နေတဲ့ ညကလေးရေ..
ပျော်သလိုသာနေခဲ့ပါကွယ်
ကျေနပ်ခြင်းဆိုတဲ့ အလင်းတစ်စ
ဒီလမ်းမကြီးထက်မှာ
မင်းအတွက် ငါချန်ထားရစ်ခဲ့တယ်..
တစ်စွန်းတစ်စလေးဖြစ်ဖြစ်
မင်းအတွက် လင်းလက်ခွင့်ရလိုက်ရင်ဘဲ
တစ်သက်စာ
ငါကျေနပ်နေမဲ့သူပါ..
ငါအတွက်တော့
အဝေးက အိပ်မက်တွေ မခြောက်ခမ်းခင်
နေမ၀င်မီ ငါအိမ်ပြန်မှ ဖြစ်မယ်…
Subscribe to:
Comments (Atom)